ချင်းမိုင်မြို့က ခတ်မန်ဒူ (နီပေါ) နဲ့ ဒေလီ (အိန္ဒိယ) ပြီးရင် လေထုညစ်ညမ်းမှု အဆိုးဆုံးမြို့ဖြစ်ပါတယ် ။ လေထု အရည်အသွေး ညွှန်းကိန်း ၁၆၄ (16 Mar 2025) ရှိပြီးတော့ လေထုထဲက အမှုန်တွေက လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အထိ ညစ်ညမ်းတာပါ။ဆတယ်လိုက် ဒေတာ ( GIS data) အရ ထိုင်းနိုင်ငံ မြောက်ပိုင်း တစ်ခြမ်းလုံးမှာ တောမီး ရှို့နေပြီးတော့ လေထုညစ်ညမ်းမှုက အနီရောင်အဆင့်ကို ဖြစ်နေတာပါ။ ပြီးခဲ့တဲ့ နှစ်ရဲ့ ချင်းမိုင်တက္ကသိုလ် ထုတ်ပြန်ချက်အရ လေထုညစ်ညမ်းမှုကြောင့် လူဦးရေစုစုပေါင်းရဲ့ ၆ % က သေဆုံးရပါတယ်။တရားဝင် ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းနေထိုင်သူ ၄.၁၈ သန်းရှိပါတယ် ။ ၆ % ကို အတွက်ကြည့်ရင် မြန်မာရွှေ့ပြောင်းနေထိုင်သူ ၂.၈ သိန်း ( ၃ သိန်းလောက်) က လေထုညစ်ညမ်းမှုကြောင့် နှစ်စဥ် သေဆုံးတယ်လို့ ခန့်မှန်းနိုင်ပါတယ် ။ 
Mar 16 • 8:45 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


