ရန်ကုန်မြို့တွင် ရှင်ပြုရဟန်းခံအလှူပွဲများတွင် မြင်းငှားရမ်းအသုံးပြုမှု ယခင်နှင့် နှိုင်းယှဉ်၍ လျော့နည်းလာကြောင်း မြင်းအငှားလိုက်သူများက ပြောသည်။ ယခင်က မတ်နှင့် ဧပြီလများတွင် မြင်းငှားခြင်းများပြားခဲ့သော်လည်း ကိုဗစ်ကာလပြီးနောက်ပိုင်းမှစ၍ နည်းပါးလာသည်။ ထို့ကြောင့် မြင်းအငှားလိုက်သူများသည် အချင်းချင်းချိတ်ဆက်၍ မြင်းငှားလိုသည့်နေရာများတွင် ထပ်မံလှမ်းဆက်၍ စီစဉ်ပေးကြရသည်။ ဒါ့အပြင် မြင်းအစာဈေးနှုန်းမြင့်တက်မှုကြောင့် မြင်းငှားခလည်း တစ်ရက်လျှင် ၄၅၀၀၀-၅၀၀၀၀ ကျပ်အထိ မြင့်တက်လာကြောင်း သိရသည်။



