back

ရှမ်းပြည်နယ်၊တောင်ကြီးမြို့တွင်ခြံဝန်းတစ်ခုအတွင်းရှိ နေအိမ်လေးလုံး မီးလောင်မှုဖြစ်ပွားခဲ့

Mar 16 • 5:47 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်၊တောင်ကြီးမြို့တွင်ခြံဝန်းတစ်ခုအတွင်းရှိ နေအိမ်လေးလုံး မီးလောင်မှုဖြစ်ပွားခဲ့

မတ်လ ၁၅ ရက် မွန်းလွဲပိုင်း (၄) နာရီ ကျော်အချိန်ကတောင်ကြီးမြို့ ၊ ရတနာသီရိ ရပ်ကွက်တွင် က ခြံဝန်းတခုအတွင်းရှိ နေအိမ်လေးလုံးမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ရတနာသီရိရပ...

မတ်လ ၁၅ ရက် မွန်းလွဲပိုင်း (၄) နာရီ ကျော်အချိန်ကတောင်ကြီးမြို့ ၊ ရတနာသီရိ ရပ်ကွက်တွင် က ခြံဝန်းတခုအတွင်းရှိ နေအိမ်လေးလုံးမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ရတနာသီရိရပ်ကွက် မြဝတ်ရည်လမ်း ၊ အုတ်ဖိုကျောင်းအနီးရှိ အိမ်အမှတ် (၄၈၅) ၊ ခြံဝန်းအတွင်း ရှိသော နေအိမ်များ ညနေပိုင်း (၄) နာရီခွဲ ဝန်းကျင်ခန့်တွင် မီးလောင်ကျွမ်းခြင်း ဖြစ်ပွားခဲ့ပြီးခြံဝန်းအတွင်းရှိ အိမ်မကြီးသည် နှစ်ထပ်ပျဉ်ထောင်အိမ် ဖြစ်ပြီး၊ အိမ်မကြီး နောက်ဘက်တွင် တန်းလျား ၃ ခန်း တွဲ ပါသော အိမ်တစ်လုံး၊ အိမ်ထောင်စုခွဲနေသော နေအိမ် (သစ်သားအိမ်) နှစ်လုံး ၊ စုစုပေါင်း အိမ်အငယ် သုံးလုံး ပါဝင်၍မီးလောင်မှုကြောင့်ထို နေအိမ်ငယ် သုံးလုံးအပြင် ၊ နှစ်ထပ်ပျဉ်ထောင် အိမ်မကြီးပါ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကာ ဆုံးရှုံး တန်ဖိုး မသိရသေးကြောင်းသိရပါတယ်။



news-view-count-icon

19