မြန်မာပြည်တွင်းရှိနွေကာလဖြစ်သည့် မတ်၊ ဧပြီနှင့် မေလများအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်ပြီး အထူးဂရုပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံတစ်ဝန်းတွင် နွေကာလဖြစ်သည့် မတ်၊ ဧပြီနှင့် မေလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များcဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်သလိုအဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် တစ်နာရီလျှင် မြေပြင်/ရေပြင်လေ မိုင် ၄၀ မှ မိုင် ၅၀ အထိ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံအရပ်ရပ်တွင် နေထိုင်သူများအနေဖြင့် အထူးဂရုပြုနေထိုင်ကြရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လည်း ကြိုတင်သတိပြုကြရန် မိုးဇလက အသိပေးထားသည်။
မြန်မာပြည်တွင်းရှိ မတ်၊ ဧပြီနှင့် မေလများအတွင်းဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်ပြီး အထူးဂရုပြုနေထိုင်ကြရန် မိုးဇလမှ သတိပေး
Mar 16 • 5:45 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


