ယနေ့ ရပ်ကွက်ဈေးများတွင် ဆိတ်သား (တစ်ဆယ်သား) ၄၂၀၀-၄၄၀၀ ကျပ်အထိ မြင့်တက်လာပြီး၊ ဘဲသား ၂၈၀၀ ကျပ်၊ အမဲသား ၂၈၀၀ ကျပ်သို့ တိုးတက်ခဲ့သည်။ CP ကြက်သား ၁၈၀၀ ကျပ်ဖြင့် မပြောင်းလဲသေးဘဲ၊ ဗမာကြက်သည် တချို့ဆိုင်များတွင် ၃၈၀၀ ကျပ်အထိ ရှိလာသည်။ ဝက်သားဈေးသည် ၃၅၀၀-၃၆၀၀ ကျပ်ဖြင့် ပုံမှန်အတိုင်းရှိသည်။



