back

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းပေါ် စံပြငါးဈေးကြီးအနီးမှာ အမျိုးသမီးတစ်ဦး ကွန်တိန်နာယာဉ်နဲ့ ကြိတ်မိမှု ဖြစ်ပွားခဲ့

Mar 16 • 4:12 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းပေါ် စံပြငါးဈေးကြီးအနီးမှာ အမျိုးသမီးတစ်ဦး ကွန်တိန်နာယာဉ်နဲ့ ကြိတ်မိမှု ဖြစ်ပွားခဲ့

မတ်လ ၁၅ ရက်နေ့ မနက် ၈နာရီ အချိန်ခန့်ကရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းပေါ် စံပြငါးဈေးကြီးအနီးမှာ အမျိုးသမီးတစ်ဦး ကွန်တိန်နာယာဉ်နဲ့ ကြိတ်မိမှု ဖ...

မတ်လ ၁၅ ရက်နေ့ မနက် ၈နာရီ အချိန်ခန့်ကရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းပေါ် စံပြငါးဈေးကြီးအနီးမှာ အမျိုးသမီးတစ်ဦး ကွန်တိန်နာယာဉ်နဲ့ ကြိတ်မိမှု ဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်က ဥယျာဉ်လမ်းနဲ့ စကားဝါပင်လမ်းကြား ကမ်းနားလမ်းမပေါ်မှာ ဖြစ်ပွားခဲ့ပြီး တိုက်ကြိတ်ခံရတဲ့ အမျိုးသမီးက အသက် ငါးဆယ်အရွယ်ဖြစ်ပြီးစကားဝါလမ်းတွင်‌နေထိုင်၍ငါးဈေးအနီး လမ်းကြောရှုပ်ချိန် အရှိန်မပါဘဲ ဘီးလိမ့်မောင်းနှင်လာတဲ့ ကွန်တိန်နာယာဉ်အနီး ခလုတ်တိုက်လဲကျရာက ခန္ဓာကိုယ် ဘယ်ဘက် ပခုံးအထိ ကြိတ်မိခဲ့တာလို့ အနီးအနားမျက်မြင်တွေ့ရှိသူတချို့ပြောပြချက်အရ သိရပါတယ်။ယာဉ်တိုက်မှုကြောင့် အမျိုးသမီးမှာ နေရာတင်သေဆုံးခဲ့ပြီး သက်ဆိုင်ရာက ရောက်ရှိစစ်ဆေးစဉ်မှာ ကွန်တိန်နာယာဉ်မောင်းက ပူးပေါင်း‌ ဖြေရှင်းခဲ့ပြီး ရုပ်အလောင်းကို စံပြလူမှုကူညီရေးအသင်းနဲ့ ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းတို့က ယာဉ်အောက်ကနေ ထုတ်ယူကာ ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့လည်း သိရပါတယ်။



news-view-count-icon

26