မတ်လ ၁၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်၌ မန္တလေးမြို့မှ မူဆယ်မြို့သို့ သွားရောက်မည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟုယူဆရသော လက်ကောက်ကွင်းကြမ်း ဆိုဒ်စုံ ၈၀၄ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၇၂၈,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Foton Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀) (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၆၀,၇၂၈,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။
မန္တလေးတိုင်းဒေသကြီးတွင် တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟုယူဆရသော လက်ကောက်ကွင်းကြမ်း ဆိုဒ်စုံ ၈၀၄ ကီလိုဂရမ်ဖမ်းမိခဲ့
Mar 16 • 4:09 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 18 | 0 | 0 | 0 |


