မတ်လ၁၃ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်အောင်ခရိုင်အတွင်း၌ တရားမဝင်အခြားသစ် သုညဒသမ ၉၁၉ တန် (ခန့်မှန်း တန်ဖိုးငွေ ၁၂၄,၉၈၄ ကျပ်) ကို သစ်တောဥပဒေအရလည်းကောင်း၊ မြောင်းမြမြို့နယ်နှင့် လပွတ္တာမြို့နယ်တို့၌ လိုင်စင်မဲ့ဆိုင်ကယ် သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၀၀,၀၀၀)ကို ပို့ကုန်၊ သွင်းကုန် ဥပဒေအရလည်းကောင်း (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ၂,၀၂၄,၉၈၄ ကျပ်) ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိပါတယ်။


