back

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၅၁ နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ကျောင်းဆောင်သစ် ဖွင့်ပွဲ ကျင်းပ

Mar 16 • 2:09 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၅၁ နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ကျောင်းဆောင်သစ် ဖွင့်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယ...

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကာ၊ ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းနေပျော်၍ စာတော်သောကျောင်းသားကျောင်းသူများ ပေါ်ထွန်းလာစေရေးအတွက် ပညာသင်ကြားနေသော ကျောင်း၏ဥပဓိရုပ် ကောင်းမွန်ရေးသည် အရေးကြီးကြောင်း၊ တစ်နိုင်ငံလုံး အသိပညာအတတ်ပညာမြင့်မားကာ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရန်အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းဆောင်သစ်ကို လွှဲပြောင်းပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ဒေသခံများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ကျောင်းဆောင်သစ်ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 


news-view-count-icon

13