ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့ ပူးပေါင်းကျင်းပသည့် ရန်ကုန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်-၂၀၂၅ ကို မတ် ၁၅ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) အပါအဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပြခန်း ၂၇ ခန်းကို ပြသခဲ့ကာ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



