back

မှော်ဘီနှင့်မဟာအောင်မြေမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

Mar 16 • 1:24 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မှော်ဘီနှင့်မဟာအောင်မြေမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

မတ် ၁၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ရန်ကုန်တိုင်း...

မတ် ၁၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ နယ်လှည့်ဆေးကုသရေးအဖွဲ့များက ကံကလေးကျောင်းတိုက်နှင့် ရန်မျိုးလုံပေါ်တော်မူဘုရားဓမ္မာရုံတို့တွင် အရိုးအကြော၊ ခွဲစိတ်ကုသမှု၊ ကလေး၊ မျက်စိ၊ နား/နှာခေါင်း/လည်ချောင်း၊ သွားနှင့်ခံတွင်း၊ သားဖွားမီးယပ်၊ အထွေထွေရောဂါများအပြင် သွေးတိုး၊ ဆီးချို၊ အဆစ်အမြစ်ရောင်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သူများအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။



news-view-count-icon

14