back

တာချီလိတ်နှင့် မိုင်းဖြတ်တို့တွင် ဧက ရာနှင့်ချီသည့် ရွှေလုပ်ကွက်ပေါင်း ၃၀ ခန့်ဖြင့် တရားမဝင် ရွှေတူးဖော်နေ

Mar 15 • 5:17 PM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်နှင့် မိုင်းဖြတ်တို့တွင် ဧက ရာနှင့်ချီသည့် ရွှေလုပ်ကွက်ပေါင်း ၃၀ ခန့်ဖြင့် တရားမဝင် ရွှေတူးဖော်နေ

တာချီလိတ်မြို့နယ်အတွင်းနှင့် မိုင်းဖြတ်မြို့နယ််အတွင်း၌ လုပ်ကွက်တစ်ကွက်လျှင် ဧကရာနှင့်ချီရှိသည့် တရားမဝင် ရွှေလုပ်ကွက်ပေါင်း ၃၀ ခန့်ဖြင့် ရွှေတူဖော်မှုများရှိနေ...

တာချီလိတ်မြို့နယ်အတွင်းနှင့် မိုင်းဖြတ်မြို့နယ််အတွင်း၌ လုပ်ကွက်တစ်ကွက်လျှင် ဧကရာနှင့်ချီရှိသည့် တရားမဝင် ရွှေလုပ်ကွက်ပေါင်း ၃၀ ခန့်ဖြင့် ရွှေတူဖော်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။တာချီလိတ်မြို့နယ်အတွင်းရှိ တာလေမြို့နှင့် မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် အများဆုံးတူးဖော်နေကြပြီး မိုင်းဖြတ်မြို့နယ်ဧရိယာအတွင်း၌လည်း တူးဖော်မှုများရှိကြောင်း၊ အချို့ရွှေလုပ်ကွက်များမှာ ဧက ၅၀၀မှ ဧက ၁၀၀၀ ခန့်အထိ ကျယ်ဝန်းပြီး အားလုံးမှာ တရားမဝင်လုပ်ကွက်များဖြစ်ကြောင်း တာလေ ဒေသခံတစ်ဦးက ပြောသည်။ရှမ်းပြည်အရှေ့ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့တွင်၂၀၂၄ ခုနှစ် စက်တင်ဘာလနှင့်အောက်တိုဘာလများအတွင်း ဆိုးရွာလှသည့် စံချိန်တင် ရေကြီးနစ်မြုပ်မှုကို ကြုံခဲ့ရပြီး ယင်းမှာ တရားမဝင်ရွှေနှင့် သတ္တုတူးဖော်မှုများ၏ အကျိုးဆက်ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။



news-view-count-icon

46