စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊နန်းယွန်းမြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာအသိပညာပေးခြင်း၊မူးယစ်ဆေးဝါးအကြောင်းပညာပေးဟောပြောပွဲနှင့် စာစီစာကုံး/ပန်းချီပြိုင်ပွဲကို မတ်လ(၁၃)ရက် ယနေ့နံနက် ၁၁ နာရီ ခွဲအချိန်ကပြုလုပ်ကျင်းပသည်။ကလေးအလုပ်သမားပပျောက်ရေးဆိုင် ရာ၊ မူးယစ်ဆေးဝါးအကြောင်းနှင့်ပတ်သက်သည့် စာစီစာကုံး/ပန်းချီပြိုင်ပွဲတို့ကိုစတင်ယှဉ်ပြိုင်ခဲ့ရာ အထက်တန်းဆင့် G-11ကျောင်းသား၊ကျောင်းသူ (၈)ဦးတို့အား စာစီစာကုံးနှင့် အလယ်တန်းဆင့်G-8ကျောင်းသား ၊သူ(၁၄)ဦးတို့ပန်းချီပြိုင်ပွဲတို့ ယှဉ်ပြိုင်ခဲ့ပြီး ပထမ၊ဒုတိယနှင့် တတိယဆုရကျောင်းသား၊သူများအားတာဝန်ရှိသူတို့က ဆုငွေများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း၊ အဆိုပါအသိပညာပေးဟောညပြောပွဲသို့ တက်ရောက်လာကြသော ကျောင်း သား/ သူများစုစုပေါင်း(၄၀)ဦးတို့က ရုံးတွင်းတွင်ပြသသော ကလေးအလုပ်သမားပပျောက်ရေးနှင့်မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးနံရံကပ် စာစောင်များကိုကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။



