ကျပ်တည်းလာသည့် ခေတ်ကာလအခြေအနေများကြောင့် မိဘမဲ့ကလေးကျောင်းများတွင် အလှူရှင် နည်းပါးလာပြီး ရေရှည်ဆက်လက်ရပ်တည်ရန် ခက်ခဲလာကြောင်း မိဘမဲ့ကျောင်းများထံမှ သိရသည်။ပရဟိတမိဘမဲ့ ကလေးကျောင်းအများစုသည် အလှူငွေများ နှင့် ရပ်တည်ရသည့်အတွက် အလှူရှင်နည်းပါးချိန်တွင် နေ့စဉ် ကလေးများ၏ စားဝတ်နေရေးကိုသာ ဦးစားပေးဖြေရှင်းနေရသောကြောင့် ကျန်းမာရေးနှင့် ပညာသင်ကြားနိုင်ရေးဘက်တွင် လတ်တလော လုပ်ပေးနိုင်မှု အား နည်းလာကြောင်း သိရသည်။အလှူရှင်နည်းပါးခြင်းကြောင့် မိဘမဲ့ကလေးကျောင်းများအပြင် တိရစ္ဆာန် ဂေဟာများလည်း အခက်အခဲများ ကြုံတွေ့နေရပြီး နေ့စဉ် ကျွေးမွေးနိုင်ရေးအတွက် အွန်လိုင်းဆိုရှယ်မီဒီယာပေါ်တွင် အလှူခံတောင်းဆိုခြင်း များပြားလာကြောင်း သိရပါသည်။



