ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီနေ့ မနက် ၉ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ မူလတန်းကြိုကျောင်းခန်းမမှာ ကျင်းပပါသည်။အဲဒီနောက် သင်တန်းသား/ သင်တန်းသူတွေ ကလေး တွေ ဘက်စုံံသင်ကြားမယ့် နည်းစနစ် ၄ ရပ်ဖြစ်တဲ့ သီချင်း ၊ကဗျာ၊ ပုံပြင်၊ ပြဇာတ် တွေနဲ့သရုပ်ပြ ဖျော်ဖြေတင်ဆက်ကြပါသည်။အခုသင်တန်းကို ကလေးသူငယ်တွေကိုကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး သင်တန်းနည်းပြ တွေက သင်တန်းသား သင်တန်းသူ ၅၁ ဦးကို ဖေဖော်ဝါရီလ ၁၉ ရက် ကနေမတ်လ ၁၅ ရက်နေ့အထိ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရပါသည်။



