နွေရာသီကျောင်းပိတ်ရက်တွင်ကျောင်းသားကျောင်း သူ များအချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာပေကိုချစ်မြတ်နိုးတတ်လာစေရန် ရည်ရွယ်၍ ပန်းချီပြိုင်ပွဲနှင့် အခြေခံပန်းချီသင်တန်း(မူဆင့်)ဆင်းပွဲကို မတ် ၁၄ ရက်နံနက် ၁၀ နာရီခွဲက ကျင်းပသည်။အဆိုပါသင်တန်းတွင် တက်ရောက်နေသောသင် တန်းသားများအား အခြေခံပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရာ သင်တန်းသားကျောင်းသား ကျောင်းသူ ၅၀ ဦးတို့က ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြ သည်။ယင်းနောက် အခြေခံပန်းချီသင်တန်းတွင် ဆုရရှိသူကျောင်းသားကျောင်းသူအား လက် ထောက်ညွှန်ကြားရေးမှုး ဒေါ်နန်းမြင့်က ဆုများအသီးသီးချီးမြှင့်ပေးအပ်ပြီး သင်တန်းနည်းပြဆရာ ပန်းချီဦးစိုးမြင့်ဝေအား ဂုဏ်ပြုငွေများချီးမြှင့်ပေးအပ်သည်။အခြေခံပန်းချီသင်တန်းကို မတ် ၅ ရက်မှ ၁၄ ရက်ထိ မျဥ်းဖြောင့်၊မျဥ်းကွေး၊ အလင်းအမှောင်၊အနိမ့်အမြင့်၊ အနီးအဝေး၊ အနိမ့်အမြင့်၊ လူပုံအဆင့် ဆင့်ရေးဆွဲနည်းများကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။



