ရှမ်းပြည်နယ်တောင်ပိုင်းကထွက်ရှိတဲ့ လက်ပံပွင့်အခြောက်ကို တရုတ်က ဝယ်လိုအားကောင်းနေတာကြောင့် ကုန်စည်ဒိုင်တွေက တစ်ပိဿာကို ၅၀၀၀ ကနေ ၆၀၀၀ ကျပ်အတွင်းစျေးပေးဝယ်ယူလာကြတယ်လို့သိရပါသည်။လက်ပံပွင့်ခြောက်ရဲ့ အူတိုင်ကို ဝယ်ယူနေတာဖြစ်ပြီး တရုတ်ပွဲစားတွေကိုယ်တိုင်လည်း ရွာတွေအထိ ဆင်းပြီးဝယ်ယူမှုရှိတဲ့အထိ ဝယ်လိုအားကောင်းနေတာဖြစ်တယ်လို့သိရပါသည်။လက်ရှိမှာ ပွဲရုံတွေက လက်ပံပွင့်အူတိုင်လှရင် တစ်ပိဿာကို ၆၀၀၀ ကျပ်စျေးနဲ့ဝယ်ယူနေပြီး အူတိုင်ညံ့ရင်တော့ တစ်ပိဿာကို ၅၀၀၀ ကျပ်ဝန်းကျင်နဲ့ ဝယ်ယူနေတာဖြစ်တယ်လို့သိရပါသည်။



