ထိုင်း-မြန်မာ နယ်စပ်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှာ ဖြစ်ပွားခဲ့တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် ၄၃၇ ဦးဟာ ဒီနေ့ မတ်လ ၁၅ ရက်မှာ နေရပ်ပြန်သွားပြီဖြစ်တယ်လို့ သိရပါသည်။အဆိုပါ စစ်ရှောင် မြန်မာပြည်သူတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ဘက်ကနေ ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ ထာ့ဆောင်ယန်မြို့နယ်၊ မဲ့အုစုကျေးရွာအုပ်စု၊ တလအော်ကာကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတာဖြစ်ပြီးစစ်ရှောင်မြန်မာပြည်သူတွေရဲ့အပြန်ခရီးကို ထိုင်းစစ်တပ်က လိုက်ပါပို့ဆောင် ပေးခဲ့ပြီး၊ လိုအပ်တဲ့ အကူအညီများကိုလည်း ထိုင်းစစ်တပ်က ပံ့ပိုးကူညီပေးခဲ့တယ်လို့ သိရပါသည်။



