back

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး - သီပေါကြား၊စဉ့်အင်တံတားကို အကြီးစားပြင်ဆင်နေလို့ တံတား ဖြတ်သန်းခွင့် ယာယီပိတ်ထား၍ ခရီးသည်တင်ကားတွေ ပိတ်မိနေ

Mar 15 • 3:55 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး - သီပေါကြား၊စဉ့်အင်တံတားကို အကြီးစားပြင်ဆင်နေလို့ တံတား ဖြတ်သန်းခွင့် ယာယီပိတ်ထား၍ ခရီးသည်တင်ကားတွေ ပိတ်မိနေ

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ကစပြီးရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး - သီပေါကြား၊ ပြည်ထောင်စု လမ်းမပေါ်ရှိ စဉ့်အင်တံတားကို အကြီးစား ပြုပြင်နေလို့ တံတား ဖြတ်သန်းခွ...

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ကစပြီးရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး - သီပေါကြား၊ ပြည်ထောင်စု လမ်းမပေါ်ရှိ စဉ့်အင်တံတားကို အကြီးစား ပြုပြင်နေလို့ တံတား ဖြတ်သန်းခွင့် ယာယီ ပိတ်ထားတာကြောင့် ခရီးသည်တင်ယာဥ်တွေ ပိတ်မိနေတယ်လို့ ဒေသခံတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။ တံတား ဖြတ်သန်းခွင့် ယာယီ ပိတ်ထား တာကြောင့် ကားလေးတွေကို နေ့စဉ် မနက် ၇ နာရီ ကနေ ညနေ ၇ ထိ ဖောင်နဲ့ ကူးနိုင်ဖို့ စီစဉ်ပေးထား တယ်လို့ သိရပြီး တံတား ဖြတ်သန်းခကို ယာဉ်ကြီး၊ ယာဉ်ငယ် အလိုက်ပေးရပြီး ကားတစီးကို အနည်းဆုံး ၅၀၀၀၀ ကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ တံတား ပိတ်ထားတော့ အတက်အဆင်းကားတွေ ဖောင်ဆိပ် စောင့်နေရလို့ ကားတန်း ရှည်နေပြီးတံတားပြင်ဆင်နေချိန်မှာ မန္တလေး - နောင်ချို - ကျောက်မဲ - သီပေါ - လားရှိုး လမ်း ကနေ သွားလာ နိုင်သလို သီပေါ - မိုးတေ - မန်စံ - အီနိုင်း - လားရှိုး လမ်း ကနေလည်း သွားလာ အသုံးပြုနိုင်ကာ မန္တလေး- လားရှိုး ခရီးစဥ်အတွက် လူတစ်ဦးကို ကား ကျပ် ၃ သိန်း ၊ ၃ သိန်းခွဲ ဖြစ်‌နေပါတယ်။


news-view-count-icon

37