back

၂၀၂၅-၂၆ ပညာသင်နှစ်အတွက် အကယ်ဒမီ ကျောင်းသားအသစ်တွေဘောလုံးအဖွဲ့ချုပ်မှ ‌ရွေးချယ်မည်

Mar 15 • 3:53 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

၂၀၂၅-၂၆ ပညာသင်နှစ်အတွက် အကယ်ဒမီ ကျောင်းသားအသစ်တွေဘောလုံးအဖွဲ့ချုပ်မှ ‌ရွေးချယ်မည်

၂၀၂၅-၂၆ ပညာသင်နှစ်အတွက်အကယ်ဒမီ ကျောင်းသားအသစ်တွေ ‌ရွေးချယ်သွားမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကနေသိရပါတယ်။မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဖွင့်လှစ်ထားတဲ...

၂၀၂၅-၂၆ ပညာသင်နှစ်အတွက်အကယ်ဒမီ ကျောင်းသားအသစ်တွေ ‌ရွေးချယ်သွားမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကနေသိရပါတယ်။မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဖွင့်လှစ်ထားတဲ့ မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)၊ အမျိုးသား ဘောလုံးအကယ်ဒမီ(ရန်ကုန်) တွေကကျောင်းသားအသစ်‌တွေကိုရွေးချယ်ခေါ်ယူသွားမှာဖြစ်ရာအသက်အရွယ်အနေနဲ့ ‌၂၀၁၃ ခုနှစ်ဖွားအသက် ၁၂ အောက်၊ ၂၀၁၂ ခုနှစ်ဖွားအသက် ၁၃ နှစ်အောက်၊ ၂၀၁၁ ခုနှစ်ဖွားအသက် ၁၄ နှစ်အောက် စတဲ့အသက်အရွယ်တွေရွေးချယ်သွားမှာဖြစ်ကာပဏာမ အဆင့် ရွေးချယ်တာတွေကိုတော့ မတ်လ ၂၈ ၊ ၂၉ ၊ ၃၀ ရက်တွေမှာ မော်လမြိုင်မြို့ ကျောင်းသား အားကစားကွင်း ၊ ဧပြီ ၁ ၊ ၂ ၊ ၃ ရက်တွေမှာ ပဲခူးမြို့၊ဟံသာဝတီယူနိုက်တက်ကွင်း ၊ ဧပြီ ၉ ၊ ၁၀ ၊ ၁၁ ရက်တွေမှာ ရန်ကုန်မြို့ လေ့ကျင့်ရေး ကွင်း ၁ ၊ သုဝဏ္ဏ ၊ဧပြီ လ၂၃ ရက်၊ ၂၄ရက် နဲ့ ၂၅ ရက်တွေမှာတော့ နေပြည်တော် ၊ပေါင်းလောင်းကွင်း ၊ ဧပြီ လ၂၈ ရက်၊၂၉ ရက် ၃၀ ရက်တွေ မှာတော့ မန္တလေး မြန်မာဘောလုံးအကယ်ဒမီ လေ့ကျင့်ရေးကွင်း နဲ့ မေလ ၁ရက် ၊ ၂ ရက်နဲ့၃ ရက်တွေမှာတော့ တောင်ကြီး ရှမ်းပြည်နယ်အားကစားကွင်းတွေမှာ ပြုလုပ်သွားမှာဖြစ်ပြီး နောက်ဆုံးအဆင့် ရွေးချယ်တာကိုတော့ မေလ ၆ ရက်၇ ရက်နဲ့၈ ရက်တွေမှာ ရန်ကုန် ၊လေကျင့်ရေးကွင်း ၁ ၊ သုဝဏ္ဏ ၊နဲ့ မေလ ၁၂ ရက်၊၁၃ ရက်နဲ့၁၄ ရက်တွေမှာ မန္တလေး ၊ မြန်မာဘောလုံးအကယ်ဒမီကွင်း တွေမှာပြုလုပ်သွားမည်ဖြစ်ပါတယ်။

news-view-count-icon

33