ကျိုက်လတ်မြို့ ရှမ်းကျောင်းစာသင်တိုက် အရှေ့ပိုင်းလူငယ် လူမှုကူညီရေးအသင်းကားသည် ယနေ့ မတ်လ၁၄ရက်နေ့ ညနေ၃နာရီကျော်အချိန်က ရန်ကုန်မြို့ သခင်မြပန်းခြံ မီးပွိုင့်အနီး မတော်တဆယာဉ်တိုက်မှုဖြစ် ပွါးခဲ့ပါသည်။ယာဉ်မတော်တဆဖြစ်ခဲ့တဲ့နေရာကို အလုံမြို့နယ်မှ ကြက်ခြေနီ၊ သံဝေဂ၊ အေးမေတ္တာ နဲ့ ဝင်းမေတ္တာ (ကြည့်မြင်တိုင်) လူမှုကူညီရေးအသင်း ပိုင်ကားများဖြင့် ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင် ကူညီပေး ခဲ့ကြပါသည်။



