အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအနီးတွင် ကုန်တင်ယာဉ်တစ်စီးကို စစ်ဆေးရာမှ သိန်းတစ် ထောင်ခန့် တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိသည့် ဖြစ်ရပ်တစ်ခု မတ်လ ပထမရက် သတ္တပတ်အတွင်း ဖြစ်ပွားခဲ့ ကြောင်း CCDACMyanmar သတင်းစာမျက်နှာက ဖော်ပြခဲ့သည်။ထိုသို့ သိမ်းဆည်းရမိသဖြင့် ထွန်းထွန်းဇော်(ခ)ထူးငယ်(၅၆)နှစ် နှင့် မင်းဆန်းမြင့်ထွန်း(ခ)ကိုမင်း (၃၇)နှစ်တို့အား အမရပူရမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။



