back

အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာမှာ မီးလောင်မှုဖြစ်ပွားပြီး နေအိမ်(၁)လုံးပျက်စီးဆုံးရူံး အိမ်ရှင်ပြင်းထန်ဒဏ်ရာရ

Mar 14 • 2:39 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာမှာ မီးလောင်မှုဖြစ်ပွားပြီး နေအိမ်(၁)လုံးပျက်စီးဆုံးရူံး အိမ်ရှင်ပြင်းထန်ဒဏ်ရာရ

မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသ အနောက်ဘက်ကမ်းရှိ ညောင်ပင်ကျေးရွာမှာ ယနေ့မနက် (၁၂)နာရီဝန်းကျင်အချိန်တွင် မီးလောင်မှုကြောင့် နေအိမ်တစ်လုံးပျက်စီးခဲ့ကာ အိမ်ရှင်ပ...

မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသ အနောက်ဘက်ကမ်းရှိ ညောင်ပင်ကျေးရွာမှာ ယနေ့မနက် (၁၂)နာရီဝန်းကျင်အချိန်တွင် မီးလောင်မှုကြောင့် နေအိမ်တစ်လုံးပျက်စီးခဲ့ကာ အိမ်ရှင်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါသည်။ရပ်ကွက်(၂)ရှိ အဲ့ဒီနေအိမ်ဟာ မီးဖိုကနေ စတင်မီးလောင်ကျွမ်းခဲ့ရာ နေအိမ်ဝင်းအတွင်းရှိ စပါးတိုက်အပါအဝင် စပါတင်း(၅၀၀)ကျော်ခန့်၊ ငွေကျပ်သိန်း (၁၀၀)ခန့်၊ ခွေးဘီလူး (pick up) ကားတစ်စီးလောင်ကျွမ်းပြာကျခဲ့ပါသည်။ကျေးရွာသားများစုပေါင်းပြီး မီးငြိမ်းသတ်ခဲ့ပေမယ့် ည(၁၂)နာရီကနေ (၁)နာရီ(၄၀)မိန စ်အထိ မီးလောင်ချိန် (၂)နာရီနီးပါး ကြာမြင့်ခဲ့သလို အိမ်ရှင်ဖြစ်သူ ဦးညွှန့်လင်းနိုင်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့မှုကြောင့် မိုးညှင်းမြို့က ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါသည်။



news-view-count-icon

16