မန္တလေးမြို့တွင်မတ် ၂ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက်နေ ဒေါ်စမ်းစမ်းကြွေသည် နေအိမ်၌ရှိနေစဉ် ၁၀ နှစ်အရွယ်သားဖြစ်သူ ပြည့်စုံကျော်သည် အစ်ကိုဝမ်းကွဲတော်စပ်သူ အောင်ခန့်ဦး(၁၃နှစ်)ထံသို့ သွားရောက်ဆော့ကစားမည်ဖြစ်ကြောင်း ပြောဆိုထွက်သွားရာမှနေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် ရှာဖွေသော်လည်း မတွေ့ရှိရသဖြင့် မတ် ၉ ရက်တွင် သက်ဆိုင်ရာသို့ လူပျောက်တိုင်ကြားခဲ့သည်။ကျူးလွန်သူဟု ယူဆရသူ ဆယ်ကျော်သက်လူငယ်လေးဦးမှာ ရွှေစာရံဘုရားပွဲသို့သွားရောက်ခဲ့ပြီးနောက် ၎င်းတို့လေးဦးနှင့် အောင်ခန့်ဦးတို့သည် ထန်းရည်သောက်ခဲ့ကာ ပြည့်စုံကျော်မှာ မုန့်စားခဲ့ကြောင်း၊ အောင်ခန့်ဦးမှာ ထန်းရည်သောက်ပြီး အပေါ့သွားနေစဉ် ကျော်မင်းသူပါ လေးဦးမှယခင်ရက်က အောင်ခန့်ဦးနှင့် စကားများခဲ့သည့်ကိစ္စကို မကျေနပ်သဖြင့် ပညာပေးရန်တိုင်ပင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ယင်းနောက် အောင်ခန့်ဦးနှင့် ပြည့်စုံကျော်တို့ နှစ်ဦးအား စဥ့်ကိုင်မြို့နယ်၊ မီးသွေးဖုတ်ကျေးရွာအနီး YGW မိဘမဲ့ကျောင်း(စဥ့်ကိုင်)၏ အနောက်ဘက် ကျောက်တောင်ခြေ၌ အောင်ခန့်ဦးအား ကျောက်ခဲဖြင့် ၎င်းတို့ လေးဦးအတူ ထုရိုက်သတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည်။



