စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ခရမ်းစပ်ကုန်းရွာလမ်းခွဲ လောင်စာလှယ်တဲ့ဆီခြံတစ်ခုမှာ မတ်လ ၁၃ ရက်နေ့ကနေ့လယ် ၁၂ နာရီခွဲလောက်တွင် မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဆီခြံထဲက ခြောက်ဘီးကားတစ်စီးမှာ 92 ဓာတ်ဆီပေပါ ဆီလှယ်နေစဉ် အပူရှိန်လွန်ကဲနေတဲ့အတွက် မီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါသည်။မီးလောင်မှုဖြစ်ပွားခဲ့လို့ ဆီအပြည့်တင်ထားတဲ့ ခြောက်ဘီးကားတစ်စီး မီးလောင်ခဲ့ပြီး ဆီအပြည့်ပါတဲ့ ပေပါအလုံး (၃၀) လည်း မီးလောင်ခဲ့တဲ့အတွက် ကာလပေါက်ဈေး ကျပ်သိန်းတစ်ထောင့်ငါးရာ လောက်ဆုံးရှုံးခဲ့တယ်လို့ သိရပါသည်။



