ဒီနေ့ မတ်လ ၁၄ ရက် မနက် ၉ နာရီခန့်က တန့်ယန်းမြို့ ရပ်ကွက် ၆ မှာရှိတဲ့ မိုးဆန်းပန်း ပန့်ဆီဆိုင်အနီးမှာ ကားနဲ့ဆိုင်ကယ်တစ်စီး ယာဉ်တိုက်မှု ဖြစ်တာကြောင့် ဆိုင်ကယ် မောင်းလာတဲ့ သားအမိသုံးဦးထဲမှ အသက် ၁၀ နှစ်နဲ့ ၅ နှစ်အရွယ် ကလေးငယ် ၂ ဦး သေဆုံးပြီး မိခင်က ဒဏ်ရာ ရရှိခဲ့ပြီးယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ မိခင်ဖြစ်သူဟာ တန့်ယန်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါသည်။



