စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပန်းမျိုးစုံစိုက်ပျိုးကြရာ အာဆီယံ သပြေပန်းစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ရရှိနေကြောင်း သပြေပန်းစိုက်ပျိုးသူများထံမှ သိရသည်။ကျွန်းလှမြို့နယ်တွင် နေအိမ်ခြံဝင်းများအတွင်း မြေအောက်ရေတင်ပြီး ဟင်းသီးဟင်းရွက်မျိုးစုံ၊ အာဆီယံသပြေ၊ ဂန္ဓာပန်း၊ မြေမြို့ပန်း၊ ဂန့်ဂေါ်ပန်း၊ စံပယ်ပန်း စသည့် ပန်းမျိုးစုံစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိပြီး ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိနေကြောင်း သိရသည်။



