မတ် ၁၄ ရက် နေ့ကရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ၁၄၄ ရပ်ကွက်၊စက်မှု (၂)လမ်းရှိ(၄၀x၁၂၀) ပေ ၊ သွပ်မိုး၊သွပ်ကာ၊မြေစိုက်၊(၁)ထပ် စက္ကူဂိုဒေါင်ဟောင်း အဆောက်အဦ၌ ယနေ့နံနက် ၀နာရီ ၃၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြိုနယ်မီးသတ်စခန်းမှ သွားရောက်ငြှိမ်းသတ်ရာ နံနက် ၁ နာရီ ၃ မိနစ်တွင် မီးငြိမ်းသွားကြောင်း သတင်းရရှိသည်။



