ပဲခူးတိုင်း ဝေါမြို့နယ်ရှိ ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်တွင် မော်တော်ဆိုင်ကယ်တစ်စီးအတွင်း သိုဝှက်သယ်ဆောင်လာသည့် ပစ္စတိုသေနတ် ၈ လက်နှင့် ကျည်ဆံများ ဖမ်းမိခဲ့ကြောင်း သိရသည်။ မတ်လ ၁၂ ရက်နေ့ ကျိုက်ထိုမှ ဝေါသို့ သွားလာသည့် MON – 61W / 62535 HONDA CLICK ဆိုင်ကယ်အား စစ်ဆေးစဉ် ဘေးကာဗာနှင့် ခြေနင်းအောက်တွင် သေနတ်များ သိုထားခြင်းကို တွေ့ရှိခဲ့ပြီး ယာဉ်မောင်းအဖြစ် မန္တလေး အမရပူရမြို့နယ်မှ အသက် ၄၇ နှစ်အရွယ် ဦးအောင်မြင့်မြတ်ကို ဖမ်းဆီးခဲ့သည်။ တရားခံအား ဆက်လက်စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။



