back

ပဲခူးတွင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ချီးမြှင့်

Mar 14 • 1:58 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးတွင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ချီးမြှင့်

ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပခဲ့သည်။ တိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး...

ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပခဲ့သည်။ တိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့က ဆရာတော်များနှင့် သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ခဲ့သည်။ ဆရာတော်များမှ သမ္မောဒနိယဩဝါဒကထာများ မြွက်ကြားခဲ့ကြပြီး၊ ငါးပါးသီလ ခံယူဆောက်တည်ကာ အနုမောဒနာတရားနာယူကြသည်။ ၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရရှိသူများအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလည်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


news-view-count-icon

23