back

စစ်ကိုင်းတောင်ရိုးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ရွှေရတုနှင့် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

Mar 14 • 1:54 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတောင်ရိုးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ရွှေရတုနှင့် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ (၂၅)နှစ်မြောက် ရွှေရတုသဘင်နှင့် (၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို စစ်ကိုင်းတောင်ရိုးရှိ သီတဂူသံဃသန္နိပါတကျောင်းဆောင်၌ ကျင်းပရာ ဆရာတော် ...

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ (၂၅)နှစ်မြောက် ရွှေရတုသဘင်နှင့် (၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို စစ်ကိုင်းတောင်ရိုးရှိ သီတဂူသံဃသန္နိပါတကျောင်းဆောင်၌ ကျင်းပရာ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရက ဘွဲ့လက်မှတ်များ ချီးမြှင့်ပြီး ကျောင်းသားများအား ဘွဲ့တံဆိပ်များ သုံးစွဲခွင့်ပြုကာ ခံယူချက် (၁၅)ချက်ကို သံပြိုင်ရွတ်ဆိုစေခဲ့သည်။ ထို့နောက် အဝေးရောက်ဘွဲ့အပ်နှင်းခြင်းနှင့် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့ပြီး၊ ပါမောက္ခချုပ်ဆရာတော်က ဩဝါဒကထာဖတ်ကြားကာ သီတဂူအဓိဋ္ဌာန်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


news-view-count-icon

20