နေပြည်တော်ကောင်စီ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ကိန်းဝပ်စံပယ်တော်မူသော မဟာမဏိမယရတနာကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်လေးဆူနှင့် မဟာဆုတောင်းပြည့်ဘုရားကြီးတို့အား (၁၇)ကြိမ်မြောက်ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲကို ယနေ့နံနက် ၆ နာရီခွဲတွင် ကျင်းပသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီးများအမှူးပြုသော ဆရာတော်ကြီးများ၊ နေပြည်တော်တိုင်းဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ရွှေကြာသင်္ကန်းတော်၊ ဆွမ်းတော်၊ သစ်သီးပန်းမန်နှင့်ရေချမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ကြီးများက ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲကို ပြုလုပ်တော်မူကြသည်။



