သတင်းစာ၊ ဂျာနယ် ဝယ်ဖတ်သူများ နည်းလာမှုကြောင့် ရောင်းချသူများအသက်မွေးဝမ်းကြောင်း ခက်ခဲလာကြောင်း သိရသည်။ ဖုန်းမှတဆင့် သတင်းကြည့်ရှုသူများလာခြင်း၊ သတင်းစာထုတ်လုပ်မှုစရိတ်မြင့်တက်မှုကြောင့် သတင်းစာအချို့ ရပ်နားသွားပြီး ရောင်းချသူများကလည်း အခြားလုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်လာသည်။ လက်ရှိတွင် ကြော်ငြာဝင်ငွေများလျော့နည်းသဖြင့် သတင်းစာ၊ ဂျာနယ် ထုတ်ဝေမှု အဆင်မပြေဖြစ်နေကြောင်း ထုတ်ဝေသူများကဆိုသည်။



