ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်၊ ခုက်ခမ်ကျေးရွာဈေးတွင် တရားမဝင် ဈေးရောင်းချမှုကြောင့် မြန်မာအလုပ်သမား ၄ ဦးအပါအဝင် လူ ၆ ဦးကို ထိုင်းအာဏာပိုင်များက မတ် ၁၂ ရက်တွင် ဖမ်းဆီးခဲ့သည်။ ထိုင်းနိုင်ငံသား ၂ ဦးသည် FDA ခွင့်ပြုမထားသည့် ကုန်ပစ္စည်းများ ရောင်းချမှုကြောင့် အရေးယူခံခဲ့ရသည်။ ထိုင်းအာဏာပိုင်များက နိုင်ငံခြားသား အလုပ်သမားများကို နေ့စဉ် စစ်ဆေးဖမ်းဆီးနေသဖြင့် တရားမဝင်လုပ်ကိုင်နေသူများအတွက် အန္တရာယ်ဖြစ်နိုင်ကြောင်း တွေ့ရသည်။



