စာပေဗိမာန်စာအုပ်အသင်းသည် ၂၀၂၅ ခုနှစ် မတ်လတွင် “မြို့တည်နန်းတည် ကေတုမတီ (တောင်ငူ)” စာအုပ်ကို အသင်းပေးစာအုပ်အဖြစ် ဖြန့်ချိလျက်ရှိသည်။ ယင်းစာအုပ်ကို စာပေဗိမာန်စာမူဆု၊ သုတပဒေသာ(ဝိဇ္ဇာ) ပထမဆုရ “ယဉ်ယဉ်မွန် (ရှေးဟောင်းသုတေသန)” ၏ ရေးသားမှုဖြစ်ပါသည်။ရန်ကုန်မြို့ရှိ စာပေဗိမာန်စာအုပ်အသင်းဝင်များသည် အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး၊ ကျန်အသင်းဝင်များသို့ စာတိုက်မှတစ်ဆင့် ပေးပို့လျက်ရှိကြောင်း သိရသည်။



