ပြည်တွင်းစားအုန်းဆီရဲ့ ရည်ညွှန်းဈေးနှုန်းများ ၂၀၂၅ ခုနှစ်နှစ်ဆန်းမှ ယခုအချိန်ထိ ဆက်တိုက်ကျဆင်းနေပြီး၊ ဇန်နဝါရီ ၁ ရက်တွင် ငွေကျပ် ၇၂၈၀ ရှိခဲ့ပြီး ယနေ့တွင် ငွေကျပ် ၆၈၉၀ သို့ ကျဆင်းခဲ့သည်။ ထိုကဲ့သို့ ဆက်တိုက်ကျဆင်းမှုသည် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့၏ အပတ်စဉ်ဈေးနှုန်းများနှင့် ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်းများပေါ်တွင် မူတည်ပြီး ဈေးနှုန်းပြောင်းလဲမှုများကို အပတ်စဉ် ထုတ်ပြန်ထားကြောင်း သိရသည်။



