back

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်း စေတီတော်တွင် တပေါင်းလပြည့်နေ့ စတုဒိသာလှူဒါန်းမည်

Mar 13 • 1:19 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်း စေတီတော်တွင် တပေါင်းလပြည့်နေ့ စတုဒိသာလှူဒါန်းမည်

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော် တွင် တပေါင်းလပြည့်နေ့ နံနက် ၉ နာရီ၌ ဘုရားဖူးလာသူများအား သက်သတ်လွတ် စတ...

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော် တွင် တပေါင်းလပြည့်နေ့ နံနက် ၉ နာရီ၌ ဘုရားဖူးလာသူများအား သက်သတ်လွတ် စတုဒိသာ ကျွေးမွေးလှူဒါန်းမည်။ တပေါင်းလဆန်း ၁ ရက်မှ တပေါင်းလပြည့်နေ့အထိ ဥပုသ်သီတင်းသီလဆောက်တည်ခြင်း၊ အလှူအတန်းပြုလုပ်ခြင်း၊ ပရိတ်/ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း စသည့် လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိသည်။ ဘုရားဖူးလာသူများသည် ပင်လယ်ကမ်းခြေ သဘာဝအလှများ ကြည့်ရှုခံစားခြင်း၊ ငွေတောင်ရေချိုးဆိပ်တွင် ရေချိုးအပန်းဖြေခြင်း၊ သမိုင်းဝင်နေရာများ ဖူးမြော်ခြင်း တို့ဖြင့် စည်ကားလှုပ်ရှားနေကြောင်း သိရသည်။


news-view-count-icon

17