ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၅ ခုနှစ် မတ်လ ၂၀ ရက်မှ ၂၅ ရက် အထိ အိန္ဒိယနိုင်ငံ ပတ္တနားမြို့ တွင်ကျင်းပမည့် Bihar ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့ ကို နေပြည်တော် ရုံးအမှတ် (၃၁) တွင် တွေ့ဆုံပြီး၊ မြန်မာ့အားကစားအဆင့်တိုးတက်စေရေး၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် အစွမ်းကုန်ကြိုးစားရန်၊ အားသာချက်နှင့်အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး၊ ပြိုင်ပွဲသွားရောက်ပြိုင်ဘက်များနှင့် စည်းကမ်းတကျသွားလာရေး၊ ဒဏ်ရာမရရှိစေရေးအတွက် အထူးဂရုစိုက်ရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။



