back

နေပြည်တော်၊ လယ်ဝေးမြို့ရှိ သမိုင်းဝင် ဖောင်တော်ချက်မ စေတီတော်တွင် စိန်ဖူးတော်နှင့် ရတနာရွှေကြုတ်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပခဲ့

Mar 13 • 12:56 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်၊ လယ်ဝေးမြို့ရှိ သမိုင်းဝင် ဖောင်တော်ချက်မ စေတီတော်တွင် စိန်ဖူးတော်နှင့် ရတနာရွှေကြုတ်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပခဲ့

နေပြည်တော်၊ လယ်ဝေးမြို့ရှိ သမိုင်းဝင် ဖောင်တော်ချက်မ စေတီတော်တွင် မတ်လ ၁၂ ရက်နေ့ နံနက် ၆ နာရီခွဲက စိန်ဖူးတော်နှင့် ရတနာရွှေကြုတ်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပခ...

နေပြည်တော်၊ လယ်ဝေးမြို့ရှိ သမိုင်းဝင် ဖောင်တော်ချက်မ စေတီတော်တွင် မတ်လ ၁၂ ရက်နေ့ နံနက် ၆ နာရီခွဲက စိန်ဖူးတော်နှင့် ရတနာရွှေကြုတ်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။ ပေါက်မြိုင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဘိဇေယျ မဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံမှ ကိုးပါးသီလခံယူကာ ဆရာတော်များထံမှ ပရိတ်တရားနာယူပြီး အလှူရှင်များက စိန်ဖူးတော်နှင့် ရတနာရွှေကြုတ်တော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။


news-view-count-icon

25