နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ကင်းသာရေထိန်းတမံကို ၂၀၂၄ စက်တင်ဘာတွင် မုန်တိုင်းကြောင့် ပျက်စီးခဲ့ရာ ယခု မတ်လကုန်တွင် ပြုပြင်မှုများ ပြီးစီးရန် စိုက်ပျိုးရေးဝန်ကြီးက ညွှန်ကြားခဲ့သည်။ တမံကိုယ်ထည် မြေဖို့ခြင်း၊ ရေပိုလွှဲပြုပြင်ခြင်း၊ ရေထုတ်ပြွန်ပြုပြင်ခြင်းအပါအဝင် လုပ်ငန်းများ ဆောင်ရွက်နေပြီး ရာနှုန်းပြည့်ပြီးစီးရန် အစိုးရက ရန်ပုံငွေထောက်ပံ့ထားသည်။



