ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင် မြစ်ကူးတံတားနေရာကနေ အထက်ဘက် ဧရာ၀တီမြစ်ဆုံနေရာအထိ မြစ်ကြောင်းတစ်လျှောက်မှာ စက်ယန္တရားတွေနဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေ တိုးလုပ်လာတာ တွေ့ရတယ်လို့ ဒေသခံတွေက မတ်လ ၁၂ ရက်နေ့မှာ ပြောပါသည်။မြစ်ကြီးနားမြို့ကနေ မြစ်ဆုံအထိ မြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်တဲ့ ဖောင်အစီး သုံးရာ၊ မြစ်ဘေးမှာ ရွှေတူးဖော်တဲ့နေရာ နှစ်ရာ စုစုပေါင်း ငါးရာခန့်ရှိပြီး၊ စက်ယန္တရား ဘက်ဟိုး (Backhoe) အစီးရေ ၃၀ ဝန်းကျင်ပါ အသုံးပြုနေကြောင်းသိရပါသည်။



