ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မင်းပလောင်ရွာရှိ စစ်ဘေးရှောင်များ ယားနာဖြစ်ကြပြီး ဆေးဝါးများအကူအညီလိုအပ်နေကြောင်းသိရပါသည်။ ရွာပေါ်တက်မနေပဲတောထဲတွင်သာသွားနေကြရသောကြောင့် ယားနာရောဂါသည်၎င်းရေမသန့်ရှင်းမှုနှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကတဆင့် ဖြစ်ပွားရာတွင် ဇန်နဝါရီလမှယနေ့ထိတိုင်နှစ်လခွဲရှိပြီဖြစ်ကြောင်း သိရသည်။ထို့ကြောင့်ယားနာရောဂါခံစားနေရသည့်ကလေးနှင့်လူကြီးများသည်လိမ်းဆေး၊စားဆေးနှင့်ထိုးဆေးများဖြစ်ပြီးဝမ်းရောဂါကြိုတင်ကာကွယ်ရန်အတွက်မဟာဖြေဆေး၊ဝမ်းနှင့်ဆိုင်ရာသောက်ဆေးလည်းလိုအပ်နေကြောင်းသိရသည်။



