၁၂.၃.၂၀၂၅ ရက်နေ့၊ ၁၉ : ၁၂ အချိန်ခန့်၊ နေပြည်တော်၊ ဥတ္တရသီရိမြိုနယ်၊ ရုံးအမှတ်(၂၅)၊ ရှေ့နေချုပ်ရုံး၊ ရုံးအမှတ်(၂၄)ကာကွယ်ရေးဝန်ကြီးဌာနကြားတွင် တောမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဥတ္တရသီရိမြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဥတ္တရသီရိနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၂၀ : ၁၃ အချိန် မီးငြိမ်းပါသည်။



