back

လာမည့်ဘောလုံးရာသီအတွက် ရခိုင်ယူနိုက်တက်အသင်း ဘရာဇီးလ်နည်းပြကို တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူ

Mar 12 • 1:18 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

လာမည့်ဘောလုံးရာသီအတွက် ရခိုင်ယူနိုက်တက်အသင်း ဘရာဇီးလ်နည်းပြကို တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူ

လာမည့် မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီအတွက် ရခိုင်ယူနိုက်တက်အသင်းက ဘရာဇီးလ်နည်းပြတစ်ဦးကို တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့‌ကြောင်း သိရသည်။အသက် (၅၉) နှစ်အရွယ်ရှိ ဝါ...

လာမည့် မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီအတွက် ရခိုင်ယူနိုက်တက်အသင်းက ဘရာဇီးလ်နည်းပြတစ်ဦးကို တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့‌ကြောင်း သိရသည်။အသက် (၅၉) နှစ်အရွယ်ရှိ ဝါရင့်နည်းပြတစ်ဦးဖြစ်သူ ရီကာဒို ဒါရိုချာသည် ကစားသမားဘဝတွင် ဘရာဇီးလ်နာမည်ကြီး ပြည်တွင်းကလပ်အသင်းများဖြစ်သည့် ပါးလ်မီးရပ်စ် နှင့် ဗာစကိုဒါးဂါးမား တို့တွင် ပါဝင်ကစားခဲ့သူတစ်ဦးဖြစ်သည်။ ရခိုင်ယူနိုက်တက်အသင်းသည် ဘရာဇီးလ်နည်းပြချုပ်ရီကာဒို နှင့် အတူ ကင်မရွန်းကြံ့ခိုင်ရေး နည်းပြအပါအဝင် ဆားဘီးယား ဂိုးနည်းပြတစ်ဦးကိုလည်း နည်းပြအဖွဲ့ တွင် ထပ်မံခေါ်ယူ ဖွဲ့စည်းသွားရန်စီစဉ်ဆောင်ရွက်လျက်ရှိပြီး ကစားသမားသစ်များလည်း ထပ်မံအားဖြည့် ခေါ်ယူကာ အောင်မြင်မှုများရရှိနိုင်ရန် ပြင်ဆင်လေ့ကျင့် သွားမည်ဖြစ်ကြောင်း သိရသည်။



news-view-count-icon

23