မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် ယမန်နေ့မတ်(၁၁)ရက်ညနေ(၄:၃၀)အချိန်ခန့်က အမည်မသိအမျိုး
သား(၃)ဦးမှ ပါဆယ်လာပို့သည်ပြောပြီး နေအိမ်အတွင်းဝင်ရောက်၍ ရွှေထည်ပစ္စည်းများနှင့်ငွေများလုယက်မှုဖြစ်ပွားခဲ့ကြောင်းဒေသခံများထံကသိရသည်။အခင်းဖြစ်ပွားစဥ်က ဦးခေါင်းအားထုရိုက်ခံရသူ အိမ်ရှင်အမျိုးသားတွင်(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီး ဖြစ်စဥ်အားလုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိစစ်ဆေး၍ပြစ်မှုကျူးလွန်သူ(၃)ဦးအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။



