ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် တလျန်းကျေးရွာနှင့် ကျောက္ကချားကျေးရွာတို့ရှိ ရေသွင်းစိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်းများကို မတ် ၁၀ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ဖျက်ဆီးခဲ့ကြပြီး၊ တာဝန်ရှိသူများက စံဖူးကျေးရွာအုပ်စု တလျနိုးကျေးရွာ၏ အနောက်မြောက်ဘက် ၃ ဖာလုံခန့်အကွာ အမြင့် ၃ ပေခန့်ရှိ ဖူးပွင့်ဆဲရေသွင်းဘိန်းစိုက်ခင်း လေးဧကနှင့် စံဖူးကျေးရွာအုပ်စု ကျောက္ကချားကျေးရွာ၏ တောင်ဘက် ၆ ဖာလုံခန့်အကွာ အမြင့် ၃ ပေခန့်ရှိ ဖူးပွင့်ဆဲရေသွင်းဘိန်းစိုက်ခင်း လေးဧက၊ စုစုပေါင်းရေသွင်းဘိန်းစိုက်ခင်း ရှစ်ဧကကို ဖျက်ဆီးခဲ့ကြကြောင်း၊ ဟိုပုံးမြို့နယ်တွင် ရေသွင်းဘိန်းစိုက်ခင်းများကို မတ် ၃ ရက်မှစတင်၍ ဖျက်ဆီးလျက်ရှိရာ မတ် ၁၀ ရက်အထိ စုစုပေါင်း ၄၈ ဧက ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။



