back

လွိုင်ကော်မြို့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

Mar 12 • 1:13 AM

breaking-news

မြန်မာ

ကယား

cover

လွိုင်ကော်မြို့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကယားပြည်နယ် လွိုင်ကော်မြို့တွင် မတ် ၁၁ ရက်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက ကမ္ဘာပေါ်...

ကယားပြည်နယ် လွိုင်ကော်မြို့တွင် မတ် ၁၁ ရက်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက ကမ္ဘာပေါ်ရှိ လူသားအားလုံးသည် စားသုံးသူများဖြစ်ပြီး စားသုံးခွင့်အရေးကို ပြည့်ပြည့်ဝဝရရှိခံစားရမည်ဖြစ်ကြောင်း၊ စားသုံးသူများ၏ အကျိုးစီးပွားကို ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျသော၊ အားကောင်းသော လူသားအရင်းအမြစ်များ ဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေးများနှင့် အဓိကသက်ဆိုင်မှုရှိသော SDG ပန်းတိုင်များ၏ ရည်မှန်းချက် အားကောင်းစေပြီး လူနေမှုဘဝ အစဉ်တည်တံ့နိုင်ရေးအတွက် အစိုးရ၊ လုပ်ငန်းရှင်များနှင့် စားသုံးသူများ ပူးပေါင်း၍ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေဘဲ မျှတအသွင်ကူးပြောင်းနိုင်ရေး အမျိုးသားရေး အသိစိတ်ဓာတ်ဖြင့် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စားသုံးသူကာကွယ်ရေးဆိုင်ရာ Video Clip ကို ပြသခဲ့ပြီး စားသုံးသူရေးရာ ကော်မတီအတွင်းရေးမှူး ခေတ္တပြည်နယ်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


news-view-count-icon

11