မြန်မာနိုင်ငံတွင်မတ်လ ၈ ရက်နှင့် ၉ ရက်တို့တွင် တရားမဝင်ပစ္စည်းများဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၂၃ မှုနဲ့(ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၇,၁၅၁,၈၈၆) ကို ဖမ်းဆီးရမိခဲ့ပါတယ်။တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင် ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။



