မြန်မာနိုင်ငံတွင်အသည်းရောင်အသားဝါ(အေ)ရောဂါသည် အသည်းရောင်အသားဝါဗိုင်းရပ်စ်(အေ) ရောဂါပိုးကြောင့်ဖြစ်ပွားပြီး အလွယ်တကူ ကူးစက်တတ်စေသလို ကပ်ရောဂါအသွင်လည်း ဖြစ်ပွားနိုင်သည့်အတွက် ကြိုတင်ကာကွယ်ကြရန် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထား ပါတယ်။အသည်းရောင်အသားဝါ(အေ)ရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် ကလေးငယ်များတွင် ပိုအဖြစ်များပြီးရောဂါပိုးရှိသူခန္ဓာကိုယ်ကထွက်သည့် အညစ်အကြေးများပါရှိနေသည့် မသန့်ရှင်းအစားအသောက်များကို စားသောက်မိခြင်း၊ အသည်းရောင်အသားဝါ(အေ)ရောဂါပိုးရှိသူလူနာနှင့် အနီးကပ်ထိတွေ့ ပြုစုခြင်းကနေ ရောဂါကူးစက်နိုင်ကာရောဂါကူးစက်ခံရသူများ အနေဖြင့် ဖျားခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်းနှင့် အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ ဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါ(အေ)ရောဂါ ကပ်ရောဂါအသွင်ဖြစ်ပွားနိုင်၍ ကြိုတင်ကာကွယ်ရန် လိုအပ်ဟု ကျန်းမာရေးဝန်ကြီးဌာနဆို
Mar 11 • 5:08 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


