back

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ဆီဆိုင်နှင့်ပင်လောင်းရှိ ရပ်ကွက်၊ကျေးရွာများတွင် သောက်သုံးရေရှားပါးပြတ်လပ်

Mar 10 • 3:04 PM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ဆီဆိုင်နှင့်ပင်လောင်းရှိ ရပ်ကွက်၊ကျေးရွာများတွင် သောက်သုံးရေရှားပါးပြတ်လပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်နှင့်ပင်လောင်းမြို့ရှိ ရပ်ကွက်ကျေးရွာများတွင် ဂျပန်နိုင်ငံ Terra People Association (TPA) မှလှူဒါန်းထားသည့် သောက်သုံးရေကိုသာအာ...


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်နှင့်ပင်လောင်းမြို့ရှိ ရပ်ကွက်ကျေးရွာများတွင် ဂျပန်နိုင်ငံ Terra People Association (TPA) မှလှူဒါန်းထားသည့် သောက်သုံးရေကိုသာအားကိုးနေရပြီး ရပ်ကွက်များတွင် ရာသီဥတုပူပြင်းခြင်း၊ ရေတင်ရန်မီးမလာခြင်းနှင့် ရေကန်များခမ်းခြောက်ခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ထို့ပြင်ပင်လောင်းမြို့နယ် တောင်ဘက်ခြမ်းရှိ ဝါလီးကျေးရွာ၊ တောင်လေးကျေးရွာ၊ ပင်ခွန်ကျေးရွာ၊ နမ့်ဖာမူ ကျေးရွာ၊ ဆောင်းခါးကျေးရွာ၊ ဝါးပြုံးကျေးရွာ၊ ဆောင်ပြောင်းကျေးရွာ၊ ထီဗွားကျေးရွာနှင့် လိန့်ညားကျေးရွာများတွင် သောက်သုံးရေရှားပါးမှုပြဿနာများဖြင့် ကြုံတွေ့နေရပြီးလက်ရှိဆီဆိုင်မြို့တွင်ရေကားတစ်စီးလျှင် ၁၅,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်အထိပေးဝယ်နေရပြီး၊ ပင်လောင်းမြို့ရှိကျေးရွာများတွင် ရေပေပါတစ်ပုံးလျှင်‌ ၅,၀၀၀ ကျပ်ဖြင့်ပေးဝယ်နေရကြောင်း သိရသည်။



news-view-count-icon

25